Tuesday, September 4, 2012

စစ်


ဆို့နင့်နေတဲ့ မျက်လုံးတွေနဲ့
တိုက်ပွဲဆီကို မျှော်ကြည့်နေရော့သလား ကလေးငယ်
ကျီကျီကျာကျာတေးဆိုသံတွေ
မိုးယံထက်မှာ လွင့်စင်နေတုန်းပ…
လပြည့်ညရဲ့ စီစီညံညံ…
ကျေးတောရွာလေးရဲ့ ရက်ကန်းယက်သံတွေ
စကားစမြည်ပြောသံတွေ … ဆော့ကစားသံတွေ
ပျောက်ကွယ်ခဲ့ပြီလေ
အုန်းမောင်းခေါက်သံ တညံညံ
တောစပ်ယာမီး တငွေ့ငွေ့နဲ့
ဖိုးတောင်သူ တဲလေးတစ်ဝိုက်
ယမ်းငွေ့ပူပူတွေ လွင့်ပြယ်လုပြီထင်ရဲ့
လာကြ…
ဒီနေ့စားဖို့ ဟင်းစားသွားရှာဦးမယ်ဆိုပြီး
တောစပ်ထွက်သွားတဲ့
ကျေးတောရွာသား ဖခင်တစ်ယောက်ရဲ့
အလောင်းကို သွားကောက်ကြမယ်လေ…။               ။
                                                          ရွှေကြယ်မိုး

No comments:

Post a Comment