Saturday, September 29, 2012

ခေါင်းစဉ်မဲ့

ဒီနေ့ဟာ
ခေါင်းစဉ်မဲ့ကဗျာကို ရေးတဲ့နေ့ဖြစ်တယ်
မာယာဒိုနာရဲ့ ကန်ချက်တွေ ကောင်းချင်တိုင်း ကောင်းလှပေါ့

ဒီနေ့ဟာ
ဂျူးလိယဒ်ဖူးချစ် အခန်းနံပါတ် ၄၀၀ ကို
ရောက်တဲ့နေ့ဖြစ်တယ်
ဂေါ်ဂင်ရဲ့ မြစ်ကြီးကျယ်ခဲ့ပေါ့

ဒီနေ့ဟာ
မနေ့ကမဟုတ်တော့ပါလားဆိုပြီး
ပြန်မှတ်မိလိုက်တဲ့နေ့ဖြစ်တယ်
ကဲကီးဂါတ်၊ နီရှေး၊ ဟိုင်ဒေဂါ အကုန်လုံးနဲ့စီးမျော
ဖြစ်တည်မှုပဓါနအလံကိုထူတဲ့နေ့ပေါ့

ဒီနေ့ဟာ
ရေကာတာတွေကို တဟုန်ထိုး ချိုးဖောက်ခဲ့တဲ့နေ့ဖြစ်တယ်
တာရာမင်းဝေရဲ့ ပြိုင်မြင်းတို့ရဲ့ခွါသံဟာ
ဗေဒါမှတ်တမ်း ကျမ်းတစ်ဆူဖြစ်ခဲ့ပေါ့

ဒီနေ့ဟာ…
ဒီနေ့ဟာ…
ဒီနေ့ဟာ…
အစွန်ဆုံး အဆုံးရဲ့ အဆုံး
အရာအားလုံးရဲ့ နောက်ဆုံးနေ့လည်းဖြစ်ခဲ့ပေါ့
                                             ရွှေ ကြယ် မိုး

No comments:

Post a Comment