Thursday, September 27, 2012

ပဂ္ဂီ

မမျှော်လင့်တာတွေဖြစ်လာတာကိုကော
ဘယ်လိုပြောရမလဲ…
သင်္ခါရဆိုတာ သင်နေခါမှာပဲရတာတဲ့
ဘာကြောင့်ဒတ်ထိမှန်သွားရတာလဲ
စံပါယ်လေးရုံ…မလေးရုံ အဲ့ဒီ့ပန်းတွေ
ဘယ်သူများလာခြွေသွားတာလဲ
ကွာ…သေလောက်အောင်စိတ်ညစ်တာပဲ
ဘယ်သူ့လက်က ၀င်လာတဲ့ ဓါးပါလိမ့်
ရှေ့ကရန်သူတွေအကြောင်း မပြောနဲ့ဦးတော့
ဘယ်နှစ်ချောင်းဝင်နေတာလဲပဲ ကြည့်စမ်း နောက်ကျောဓါးတွေ
ငါ့မှာလဲ တစ်ယောက်တည်းနဲ့ အရိပ်ပေါင်းများစွာကွဲရတယ်
ဘာများပါလိမ့်…ဘယ်ဘက်ရင်အုံပေါ်က တံဆိပ်…

နိုင်ချင်နိုင်မယ်
ရှုံးချင်ရှုံးမယ်
ရဲထင်းဆွေးမြေ့နေတဲ့ ပွင့်ချပ်တွေ
အန္ဓမြေတေးသွား…ယမ်းနံ့သင်းသင်းမှာ
တစ်ကျော့ပြန်ကြွေကျပေးရမှာ
စိုးထင့်နေသေးရဲ့

အေးလေ…ငါကလည်း
မိုးဟေကို ကိုမှသွားချစ်မိတာကိုး
ဒီလိုပဲ…သမိုင်းဆိုတာ ရှုပ်ထွေးတယ်
                                      ရွှေ ကြယ် မိုး

No comments:

Post a Comment