Thursday, August 30, 2012

ရင်ကွဲခန်း

နင်စေစားတဲ့ ငှက်တစ်ကောင်
အမုန်းတစ်ထောင်ကို သယ်လာခဲ့ပြီ…။

နင်စေစားတဲ့အပြုံးချိုတွေ
ဓါးသွားထက်ထက် ရင်ကွဲစေခဲ့ပြီ…။

နင်ဖန်တီးတဲ့ နင့်ဇာတ်လမ်း
ဇာတ်ကောင်ငါ့ဘ၀ ကျရှုံးခန်းရောက်ပြီ…။

နင်ခိုးနားတဲ့ စေတီရင်ပြင်
မြင်တိုင်းသာလွမ်း တွေးတိုင်းဝမ်းနည်းစေပြီ…။

နင်ကြွေကျတဲ့အကြည့်တစ်ချက်
အက်ဆစ်မီးလျှံ ရွာသွန်းစေပြီ…။

နင်ပေးတဲ့ ပျော်ရွှင်မှု
နားကျဉ်းဖွယ်ကို ဆောင်ကျဉ်းခဲ့ပြီ…။

နင်ဖြန့်ကျက်တဲ့ ပိုးသားဆံနွယ်
ခု…လေအဟုန်မှာ ပျံဝဲပျောက်ကွယ်သွားပြီ…။
                                                ရွှေကြယ်မိုး

No comments:

Post a Comment