Thursday, September 6, 2012

ရှင်ကွဲ-၎

ကျွန်တော်ဟာ သူမ အလိုရှိနေတဲ့ ရွာတစ်ရွာပဲဖြစ်ပါတယ်
သူမက ကျွန်တော့်ရဲ့ ပျောက်ဆုံးနေတဲ့ မြို့တစ်မြို့ပါ…။

လိပ်စာလေးတစ်ခုက
မြောက်ဘက်ကို လိုက်ခဲ့ဖို့ပြောနေပေမယ့်
ကျွန်တော်နေထိုင်တာဟာ တောင်ဘက်မှာ မဟုတ်လား

တကယ့်ကို တွေ့ဆုံကြုံကွဲ ကမ္ဘာ
ရှင်ကွဲ…သေကွဲတွေနဲ့ ကမ္ဘာ
နောက်ဆုံးတော့
လိပ်စာစာအုပ်ပေါ်က လက်ရေးလက်သားလေးပဲ
အဖတ်တင်တယ်

ကံကြုံရင် ပြန်ဆုံနိုင်ဖို့ ဆုတောင်းရသူတွေက
များသထက်များလာ… ခဲ့
ခရီးတွေက တောတစ်ကွေ့…တောင်တစ်ပတ်နဲ့
အိတ်ရှည်တွေကိုယ်စီနဲ့ ဘ၀တွေကိုထမ်းပိုးရင်း
တစ်ယောက်မြင်ကွင်းက တစ်ယောက်ပျောက်ကွယ်သွားကြ

ထပ်ပြောရရင်
ကျွန်တော်ဟာ သူမ အလိုရှိနေတဲ့ ရွာတစ်ရွာပဲဖြစ်ပါတယ်
သူမက ကျွန်တော့်ရဲ့ ပျောက်ဆုံးနေတဲ့ မြို့တစ်မြို့ပါ…။
                                    ရွှေကြယ်မိုး

No comments:

Post a Comment