Tuesday, September 4, 2012

ညတွေရဲ့တစ်ဖက်ကမ်းမှာ

အဝေး
အတိတ်တွေရဲ့ အဝေး
တစ်နေ့တော့ သွားကြမယ်

ပန်းစိုက်ရင်း ပန်းကမပွင့်
ကဲဘာဆက်လုပ်ကြမလဲ
တိမ်တွေလို ချည်နှောင်ထားခဲ့မိတဲ့
သံယောစဉ်ကြိုးတွေက လေနှင်ရာမှာ
စိတ်ထင်တိုင်း စိုင်းသွားကြ

ငါတို့လည်း ဝေးကြမယ်
ငါထင်တယ်
ပန်းဥယျာဉ်လို မိန်းမပျို
စမ်းရေစီးသံတွေကြားမှာ
ကြမ်းတမ်းစွာ စီးမျောရမယ်လို့
ဘယ်ထင်ခဲ့လိမ့်မလဲ

သူမကေသာထက်မှာ
ခြွေခြွေချခဲ့မိတဲ့ မျှော်လင့်ချက်မဲ့အနမ်းတွေ
ငါ့ကို ပြန်ပေးလိုက်ပါတော့

တိမ်တွေလိုစိုင်း
လေတွေလိုရိုင်း
သြော်လှိုင်းတွေကြမ်းကြရဦးမယ်
သူမမျက်ဝန်းပွင့်တွေ ဘယ်ဆီကိုများ
လွင့်နေပါလိမ့်

ညှို့ချက်မိ စိတ်တံခါးများ
ဖွင့်ဟလိုက်ကြဖို့ ခက်ခဲသွား
ဖြေရခက်နေတဲ့သူမနှုတ်ခမ်းများ
တဆတ်ဆတ်တုန်လို့
ကမ္ဘာဟာ လင်းလျက်မှောင်
မှောင်လျက် အလင်းတွေ ကန်းသွားကြ

ဝေးကြမယ်
ဝေးကြမယ်
ငါတို့လည်း ဝေးကြမယ်
                                ရွှေကြယ်မိုး
                         


No comments:

Post a Comment