Sunday, September 16, 2012

အချစ်

ငါ ချစ်တဲ့ မှင်တစ်စက်
ငါချစ်ရတဲ့ မိန်းမရဲ့ စာရွက်ပေါ်မှာ ရှိတယ်

ငါ ချစ်တဲ့ ပန်းတစ်ပွင့်
ငါ ချစ်ရတဲ့ မိန်းမရဲ့ ဦးခေါင်းထက်မှာ ရှိတယ်

ငါ ချစ်တဲ့ ကဗျာတစ်ပုဒ်
ငါ ချစ်ရတဲ့ မိန်းမရဲ့ သမိုင်းထံမှာ ရှိတယ်

ငါ ချစ်တဲ့ မြေကမ္ဘာ
ငါချစ်ရတဲ့ မိန်းမရဲ့ လက်ဖ၀ါးအောက်မှာ ရှိတယ်
                                                ရွှေ ကြယ် မိုး

No comments:

Post a Comment