Tuesday, October 16, 2012

ည

အခါလွန်နရီရှည်ကြာလွန်း
ချုပ်ပြုစအချိန်တိုင်ခဲ့ပြီ

ကကြိုးဆရာတွေရေးတဲ့ အလင်္ကာက
ချိုသယောင်ယောင်နဲ့ ခါးသွား
တအိအိတက်လာတဲ့ အမှောင်တွေ
ဘယ်နှဘ၀ကို ကြိုးဆွဲသတ်ခဲ့ပြီလဲ
ဒီမှာ…ပြင်းပြတဲ့ပွဲတော်တွေကြောင့်
စိတ်တွေလည်းတည်ရာရှာနေကြရ

ငါယုံပါတယ်
ဇွပ်ခနဲ မြည်သံကြားမှ
ဆတ်ခနဲ လှည့်ကြည့်မိ
ငါယုံပါတယ်
ဒါနောက်ကျောဓါးပါ

ဘယ်တော့လွတ်မလဲ
ဘယ်တော့ကျွတ်မလဲ
ညထဲက ဆုတောင်းသံတွေ ပျံ့လွင့်
ညထဲက ငါတို့ရှင်သန်ရာ
ညထဲက ငါတို့မြေကမ္ဘာ

ထုသားပေသားကျ
တစိုက်မတ်မတ် ငိုကြွေး
ခွင်းမယ့်အလင်းက ငါတို့ရင်ထဲမှာပါ။       ။
                                 ရွှေ ကြယ် မိုး

No comments:

Post a Comment