Thursday, October 25, 2012

ကဗျာဆရာ


ငါဟာ ဒဏ်ရာရခဲ့ပြီးသား ငှက်တစ်ကောင်
အဲ့တာထက် ဘာမှမပိုပါဘူး
တောင်ပံတွေဖြန့်ရင်း ရယ်ချင်တဲ့အခါလည်း ရယ်မယ်
ကောက်ရိုးရိပ်မြုံလေးထဲ ငိုချင်တဲ့အခါလည်း ငိုမယ်
ကဗျာဆရာပေပဲ
ရှိုက်နင့်ခြင်းကို မမှု
လောကဓံကို မမှု
သခါရမီးတောက်တွေကြားမှာ
တိတ်တဆိတ် စစ်ခင်းနေခဲ့ပေါ့
ကဗျာဆရာ။    
                   ရွှေ ကြယ် မိုး

No comments:

Post a Comment