Wednesday, October 31, 2012

အလင်းမျှော်သူ

တောက်ပတယ်ဆို
တောက်ပနေခဲ့ပါတယ်ဆို
ငါ့နှယ်
မီးလိုကျွမ်းသွားပြီးမှ မှားသွားမှန်း သိရသတဲ့

လူတစ်ယောက်ဟာ ရေလည်းဖြစ်တယ် မီးလည်းဖြစ်တယ်
ဒါနဲ့များ အနာဂါတ်တွေကို ပုံဖော်ထုဆစ်နေခဲ့ရသလား

စောင့်ကြည့်တယ်
သေချာကြည့်တယ်
လှည့်ကြည့်တယ်
ပတ်ကြည့်တယ်
ဘာမှမတွေ့ဘူး
သြော်…ငါ့ဘဝ

စိတ်ကို စိတ်နဲ့ဖြေကြည့်တယ်
စိတ်ကို စိတ်က အာသာမပြေဘူး
ထစ်ခနဲရှိ နရံကို ထိုးမယ်ဆိုတာချည်းပဲ
စားပွဲတင် နာရီတစ်လုံး ပေါက်ခွဲခဲ့ပြီးပြီ
လက်ပတ်နာရီတစ်လုံး လွှင့်ပစ်ခဲ့ပြီးပြီ
အဆုံးမှာတော့
ဘ၀ကို ဆီးနှင်းလို ဝေခဲ့တယ်
နွေလို တံလျှပ်ထခဲ့တယ် …မိုးလိုရွာခဲ့တယ်

ကိုယ်ဟာ အလင်းမျှော်သူဖြစ်တယ်…
ဝင်္ကပါတောက ထွက်လာမယ့် မီးအိမ်တစ်လက်ကို မျှော်လို့
ယုံကြည်ပါတယ် ၀တ်မှုန်ကူးပေးမယ့် အလင်းရှင်ဟာ မကြာခင်မှာ
လဲ့ဖြာဆင်းလာမှာပဲ…
ကိုယ်…ဟာ…အလင်း…မျှော်…သူ…ဖြစ်…တယ်။            
                                    ရွှေ ကြယ် မိုး

No comments:

Post a Comment