Sunday, September 22, 2013

တော်လှန်ရေးဆိုတာ တည်ဆောက်ရေးရဲ့ အခိုင်ကျည်ဆုံး လေးမြတ်မှုတွေပဲ မိငယ်ရေ



လက်တွေဟာ တော်လှန်ရေး တည်ဆောက်ရေး
အဆက်ဆက်
ပဌ္စမမြန်မာနိုင်ငံတော်တည်ထောင်သူ

မှားနေတဲ့ပြည်သူလူထုကို မှန်နေပါတယ်လို့
ဘယ်တော့မှ ကျွန်မ ပြောမှာမဟုတ်ဘူး
ကျွန်မ အမုန်းခံရဲတယ်
တကယ့်အမှန်တရားကိုပဲ ကျွန်မလုပ်တယ်

အဝေးရောက်ညတွေ၊ ကန့်သတ်ခံညတွေ
ဒီဘက်သမိုင်းတစ်လျှောက်လုံးဟာ
သက်ရှိသတ္တ၀ါမဟုတ်တဲ့ သစ်ပုတ်ပင်ကြီးကိုတောင်
သံဆူးကြိုးပတ်ပတ်လည်ဝိုင်းပြီး အကျဉ်းချထားတဲ့ကာလပေါ့

တည်ဆောက်ရေးဆိုတာ (၂၅)နှစ်လုံးလုံးတော်လှန်ခဲ့ကြရင်း
ဖြစ်လာတဲ့ အရာမဟုတ်လား…ဒါ တိုက်ပွဲနွမ်းသွားတာမဟုတ်ဘူးဆိုတာ
ကောင်းကောင်း သိပါတယ် မိငယ်

ရွှန်းတောက်တဲ့မျက်ဝန်းတလျှောက် အမှောင်တန်းများတပ်ဆုတ်ခွါ
စွပ်ထားတဲ့ကျည်တောက်တွေနဲ့ ခွေးမြီးကောက်တွေ ကြောက်ကန်ကန်နေကြ
အဲ့ဒီ့ ခွေးမြီးကောက်တွေဟာ  သမိုင်းကို ထပ်ခါထပ်ခါ
ကွေ့ကောက်ဝေ့၀ိုက်ပြီး အရောင်တွေတစ်ထပ်ပြီးတစ်ထပ်ခြယ်ပေးနေကြတယ်

လူအတော်များများက တည်ဆောက်ရေးကာလလို့ပဲ သိကြတယ်
တိုင်းပြည်ကို ပြန်လည်တည်ဆောက်တဲ့အခါ
(၁) ပါတီတည်ဆောက်ရေး
(၂)လူထုတည်ဆောက်ရေး
(၃)တပ်ပေါင်းစုတည်ဆောက်ရေး
ဒီသုံးခုကို တည်ဆောက်ရေးကာလလို့ ခေါ်တယ်ဆိုတာ မသိတဲ့သူတွေများသား

မြူနှင်းတွေ တဝေေ၀နဲ့ လွမ်းမောဖွယ်ကောင်းတဲ့ ငွေရတုပေါင်းများစွာတိုင်
တို့တွေ၊ တို့ကျောင်းသားတွေရဲ့ မပြီးဆုံးနိုင်သေးတဲ့ တော်လှန်ရေး
ဆက်လက်တိုက်ပွဲဝင်ရဦးမယ် မိငယ်ရေ
                                                            ရွှေ ကြယ် မိုး
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့တပ်ပေါင်းစုပါတီ (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ်အတွက် ဂုဏ်ပြုရေးဖွဲ့သည်။)

No comments:

Post a Comment