မိုးတွေရွာတဲ့
တစ်နေ့ဆီကို
လွမ်းမောဖွယ်ပြောကြရင်း
ကျွန်တော်နှင့် သူငယ်ချင်းတသိုက်
တိုးဖျော့ရှတနေခဲ့…
လောကဓံတရား
အတွက် ရသေ့စိတ်ဖြေ
အဝေးက
သက္ကရာဇ်တို့ကို ငေးရီ…
ပြီးတော့…ကြေကွဲ…ကြေကွဲပြီးတော့
မှောင်မိုက်
ဆေးရိုးမီးလှုံ…စပါးတောင်လိုပုံတဲ့
ဘယ်ပိုက်ဆံနဲ့
ဆန်ဝယ်ပါ့မယ်
ဇိမ်ခန်းမှာ
ပြည့်တန်ဆာတစ်ယောက် တိုးခဲ့ပေါ့
ထမင်းဆီဆမ်းကို
မြေပန်းကန်နဲ့တောင်
မစားခဲ့ရတဲ့
နေ့တွေ…
မယ်ထွေးအသား
မြိန်စေခဲ့ရဖူးသပေါ့
သူသူငါငါ
လွင့်ကျမသွားအောင်ပဲ
စိမ်းသူ့လက်တွေထံ
ငြိမ်းချမ်းရေးတောင်းခံခဲ့
ဘယ်တရားကမှ
သေနတ်သံအကြောင်းမပြောတာ
ခံရခက်တယ်
ထောင်ချောက်ကို
တမင်လိုက်ရှာနေတဲ့
သားကောင်ဆိုတာ
မရှိပါဘူးကွာ…
ဒီလိုနဲ့
တစ်ခါက
ရှည်လျားခဲ့ဖူးတဲ့
ကျွန်တော်တို့
စကားဝိုင်းလေး တိတ်ဆိတ်သွားခဲ့တယ်
ရွှေ
ကြယ် မိုး
No comments:
Post a Comment