ဒဏ္ဍာရီလွန် မီးခိုးအူတွေကြား
သက္ကရာဇ်တစ်ခုလိုမျိုး
ပြေးလာနေတယ်
သူပြေးလာပုံက
ယဉ်ပါဘိနဲ့
ကလေးတစ်ယောက်လို
ရယ်သံတွေလည်း ကြားရလို့
ရင်ချင်းအပ်ပြီး
ပွေ့ဖက်မိကြတယ်ရှိသေး
“ရှင့်ကို
ပုံပြင်တွေပြောပြမယ်” တဲ့
ဒီလိုနဲ့…နှောင်းခဲ့ကြပြီကွယ်
ခေတ်ရထားကြီးတွေ
တဂျုံးဂျုံးဝင်လာ…တဂျုံးဂျုံးပြန်ထွက်သွား
အတိတ်၊
အရိပ်နဲ့ အရာဝထ္ထုတွေ ဖျတ်ခနဲ ပျောက်ကွယ်သွား
အခု…
“ဟိုးရှေးရှေးတုန်းက
ဒီမြရာကုန်းမှာ အင်မတန်ချစ်ကြပြီး
အင်မတန် ကံဆိုးခဲ့တဲ့ ချစ်သူနှစ်ယောက် ရှိခဲ့တယ်ကွဲ့”
လို့
လူတွေ…လူတွေ
ပါးစပ်ကြား ရေပန်းစားနေပေါ့လေ
ရွှေ
ကြယ် မိုး
No comments:
Post a Comment