ဒီအရပ်ကိုလွန်ရင်… နွေအဖြစ်မှ
တစ်ဇာတ်သိမ်းမတဲ့လေ
လှည်းဝင်ရိုးသံတွေနေမ၀င်တဲ့အရပ်
မိုးနှင်းတွေအသွယ်သွယ်ဝင်းပနေပုံပ
ပတ္တလားသံတနောင်နောင်နဲ့လည်း
ညှို့နေသေးရဲ့
ဒီကြားထဲ
လေညှင်းက ဆောင်းဆန်ချင်နေသေး
လျှပ်တပြက်ဆိုသလို စူးရဲတောက်ရှမှုတွေထဲ
အရိုးကွဲလုအောင် အေးလှပေါ့
သမိုင်းတစ်ခေတ်စာ ဘ၀တွေက
အရိုးလိုပုံ
တောင်သူအိုတို့ရဲ့ အလွမ်းများလည်း
နှံပိုးတွေအောက်မှာတင် မားမားစွင့်လာ
ပတ္တမြားတွေ ခြယ်သထားသလို
ဆည်းဆာတွေအောက်
တစ်ကိုင်းနဲ့တစ်ကိုင်းဖေးမရင်း
ယိမ်းနွဲ့လို့ပေါ့
ဒါပေမယ့် ဂျုံးဂျုံးဂျက်ဂျက်မြည်ဟီးဝင်လာတဲ့
ရထားကြီးရဲ့အကြည့်မှာ တောသွင်းသံတွေမပါဘူးလို့
ပြောလို့ရပါ့မလား
နှင်းဆီဝါလေးရေ
ဘယ်နေရာကနေ ခုခံမယ်မှန်း
သူတို့မသိအောင်
တို့တတွေခုခံကြမယ်လေ
ယွန်းတော့မယ့် နေမင်းကြီးနဲ့
ကွယ်လုကွယ်ခင် မြင်ကွင်းတွေကြား
ကြင်သူအထိတွေ့လေးက တိုးလျနေပြန်သေး
ထနောင်းအကိုင်းအခက်တွေကြားက
လရိပ်ဖြူလေးတွေ ဖြာဆင်းလာမယ်
ကြည့်နေ
နှင်းဆီဝါလေးရေ
မင်းကြည့်နေ…။ ။
ရွှေ
ကြယ် မိုး
No comments:
Post a Comment