ငါမသိလိုက်ရတဲ့ လက်တွေကပဲ
ငါမမေ့နိုင်တော့မယ့် နေရာတွေဆီ လမ်းပြခဲ့တာပါ
ခုမှတော့ မထူးတော့ဘူး…အဆုံးစွန်ခဲ့ကြပြီ
ပေခံကြစို့…အဲ့ဒီ့မှာ မကိုက်ရသေးတဲ့ ပန်းသီးပဲ့
တစ်လုံး
ဘယ်နာရီကမှ မပြရသေးတဲ့ အချိန်တစ်နေရာ… ပင်လယ်တစ်ကောင်
အတောင်တစ်ဖက်နဲ့ ကူးဖြတ်မယ့် မြစ်တွေရှိတယ်
ဝတ်လစ်စလစ် စိတ်ဓါတ်တွေ တွဲလဲခိုလို့
တောင်ပေါ်မြို့နဲ့ တူတဲ့ မြို့တစ်မြို့ ရင်ထဲမှာ
တည်ခဲ့ဖူး…
အဲ့ဒီ့မြို့မှာ စက်ရုပ်လို ကွန်ဂရက်ကျူလေးရှင်းတွေနဲ့
ဘုရားရှိခိုးရတာကို မျက်မုန်းကျိုးခဲ့ပြီ
တော်ကြပါတော့လို့ မိုးမွှန်အောင် အော်ဟစ်ခဲ့ပြီ
သူလိုကိုယ်လို မျက်နှာထားနဲ့ ဆန့်ကျင်ဘက်ရောက်ခဲ့ပြီ
နွေမိုးဆောင်းလို ဥတုသုံးရာသီပုံစံမျိုးနဲ့
ကွန်မြူနစ်ဆန်ခဲ့ပြီ
လူတစ်ယောက်လို အခါခါ မီးဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့်
ဆက်ထုံးတွေ တသီတတန်းကြီး အမျှင်တန်းတဲ့ လမ်းပေါ်မှာ
နားခိုးရာ ဘယ်မလဲ…ဆောက်တည်ရာ ဘယ်မလဲဆိုတာကိုပဲ
တွေးခဲ့ရတယ်
တစ်ခါတုန်းက မိန်းမတစ်ယောက်က ငါဟာ နင့်ကိုဖေးမပေးမှာပေါ့တဲ့
(ရယ်ရတယ်…နိုင်ငံရေးလုပ်လို့ အဖမ်းခံရကိန်းလဲ
နီးရော အဲ့ဒီ့မိန်းမလဲ
ပျောက်သွားရောပဲ)…ကြာပါပြီ…ခုထက်ထိ ငါ့မှာ
ဘာမှမရှိတော့တာကလွဲရင်
တစ်ကိုယ်တော်တရားတွေ လှိုင်းထန်နေတုန်းပဲ
သင်လည်း ဒီလိုပဲ ဖြစ်နေမယ်ဆိုရင် တစ်ခါက
နံရံတွေကို ပုတ်ရင်း သံတိုင်တွေကို ခေါက်ရင်း ဆိုခဲ့ကြတဲ့သီချင်း
အတူတကွ အော်ဆိုကြပါစို့
ပန်းခရမ်းပြာ xxx ဗေဒါလေး ကမ်းစပ်နားမှာ ငြိတွယ် xxx
လမ်းတံတားဖြူ နေရာလေး xxx တေးသံလွှမ်းစေကွယ်
xxx
Xxx ငြိမ်းအေးရာ ဖွေရှာရင်း xxx မိန်းမော
ငေးကာကြည့်နေ xxx
ပိန်းပိတ်အောင် xxxxx မမှောင်ခင်လေး ဆည်းဆာအလှ
xxx ဖြာဝေ
ရွှေ ကြယ် မိုး
No comments:
Post a Comment