တိမ်ညိုရင် လေတွေပြိုသမို့
မမှီ့တမှီခွန်အားတွေနဲ့ ကောင်းကင်ကို
ကျားကန်ပေးရမယ် အမေ…တဲ့
(ခုထက်ထိ အိမ်ပြန်ရောက်မလာဘူး)
သူ့မှာလည်း ပင်နီလွယ်အိတ်လေးတစ်လုံးနဲ့
အရွယ်နဲ့ မမျှအောင် တွေးခေါ်ခဲ့ရ
ဘ၀နဲ့ မမျှအောင် နာကျင်ခဲ့ရ
(သာမာန်ကျောင်းသားလေး ပီသပါတယ်လေ)
ဒီတော့
မေတ္တာလည်းရှိ၊ ကရုဏာလည်းရှိ၊ ချစ်ခြင်းလည်းရှိမပေါ့
ဆာလောင်ခြင်းလည်းရှိ၊ ၀မ်းနည်းခြင်းလည်းရှိ၊
တောက်ခေါက်ခြင်းလည်းရှိမပေါ့
(ဘယ်သူတွေကများ ကိုယ်ချင်းမစာပါလိမ့်)
ကျောင်းသားလေးရေ
စာကျက်ကြမယ်လေ
တို့တတွေ စာကျက်ကြမယ်လေ
သင်ခန်းစာတွေက များလှသကိုး ကျောင်းသားလေးရယ်
ယုံစမ်းပါ…
(မင်းကို ကဗျာလေးတွေ ရွတ်ပြမယ်)
ဆရာ တာရာမင်းဝေရဲ့
ရွှေတောင်ပံမှာ ဒဏ်ရာတွေပြန်ကောင်းလာတဲ့
တစ်နေ့။ ။
ရွှေ
ကြယ် မိုး
No comments:
Post a Comment