တိတ်ဆိတ်နေတဲ့အချိန်မှာတောင်
နင့်အသံတွေကို ပြန်ပြန်ကြားယောင်ရင်း
အချိန်အခါမလပ် နားနှစ်ဖက် အနားမနေရတဲ့လူ…
စိတ်ဓါတ်တွေအကုန်လုံး ရေစုန်မျောချ
လူမှန်းသူမှန်းမသိလောက်အောင် လွမ်းမောနေခဲ့တဲ့လူ…
ပွင့်လန်းစရာ တစ်ဖူးတစ်လေမှ မရှိတာတောင်
မရမက ခူးဆွတ်ခဲ့ပါတယ်…
ခူးဆွတ်ပြခဲ့ပါတယ်…
အဲ့ဒါကိုက လက်ညှိုးထိုးစရာဖြစ်ခဲ့ရလား…
ငါ့ရဲ့ မိုက်မဲမှုလို့ပဲ ပြောလိုက်ပါတော့…
ငါ့ရဲ့ မသိတတ်မှုလို့ပဲ ပြောလိုက်ပါတော့…
ငါ့ရဲ့ အခွင့်အရေးယူမှုလို့ပဲ ပြောလိုက်ပါတော့…
ဒါပေမယ့်…
နင်ဘယ်လိုပြောပြော…
နှုတ်ပိတ်ထားခဲ့တယ်…
နှုတ်ပိတ်ထားခဲ့ပါတယ်…
ဒီလိုနဲ့ ရာသီတစ်ချို့ကုန်ဆုံးသွားကြပြီ…
အိပ်ပျော်နေသူတို့ နိုးထသွားကြပြီ…
ငါတို့နှစ်ယောက်ကတော့ တွေရီစွာ ငေးမောလို့
ရှိနေတဲ့ အခိုက်အတန့်လေးမှာတင်
အိပ်မက် အခန်းဆက်ပေါင်းများစွာ မက်ခဲ့ပြီးပြီ
ငါတို့နှစ်ယောက်ကတော့ ရီဝေစွာ မှုန်ဝါးလို့
ထိုင်နေသူတွေက ထပြန်သွားကြပါပြီ…
ငါတို့က…ထိုင်လျက်…ငေးလျက်နဲ့
ဒဏ်ရာတွေ တောင်စဉ်ရေမရ…
မရရှိသေးတာကို ဘယ်လိုဖန်တီးယူကြမလဲ
ဆွဲပြီးသား ကောက်ကြောင်းတွေက ကင်းဘတ်(စ်)စပေါ်မှာ
ရေးရေးပေါ်နေပြီ…
ခြယ်ပြီးသားဆေးစက်တွေနဲ့ပဲ အရုပ်ထင်ပေးလိုက်ပါရဲ့
အချစ်ရယ်…
ရွှေကြယ်မိုး
No comments:
Post a Comment