Monday, September 10, 2012

ဆောင်း-၂

နှင်းစက်လက်နဲ့ မှုန်မှိုင်းနေတယ်
လျှောက်နေကျ လမ်းလေးဟာ ...၀ံ့ဝံ့စားစား
ငေးလို့...မောလို့

သူသူငါငါတွေ မရှိကြတော့ဘူး
အပိုင်းပိုင်းအတစ်တစ် ပိတ်စတွေနဲ့
ဆဲဆို အော်ဟစ် အမိန့်ပေးသံတွေနဲ့
အဝေးကလာမယ့်ခြေရာတွေကို ငေးနေခဲ့
မထင်ကျန်ရသေးတဲ့ ခြေရာတွေမို့ အတိမ်အနက်က
မိုးလောက်ကြီးကျယ်နိုင်တယ်

လောလောဆယ်တော့
လျှောက်နေကျ လမ်းလေးမှာ
နှင်းတွေက စိုတိစိုစွတ်...
သူ့ရင်ဟာ ကျောက်စရစ်တွေအထပ်ထပ်နဲ့...
ဒါပေမယ့်...
သွေးတစ်ကွက် မြေပြင်ကို လာခတ်တဲ့အခါ
သူ...မျက်ရည်ကျရတယ်
ရွှေကြယ်မိုး

No comments:

Post a Comment