Saturday, June 28, 2014

ရွှေကြယ်မိုးနှင့် ရိုမန်းဘော့ဂယက်

ကျွန်တော်ဟာ ဒီစာအုပ်ကို ဆရာအောင်ရင်ငြိမ်းစတင် မ ရေးသားခင် တည်းက ထောက်ခံခဲ့သူဖြစ်ပါတယ်။ ဆရာက သူမရေးခင် ဇာတ်လမ်းအကျဉ်း ပြောပြတယ်။ ကျွန်တော်က
ဒီဇာတ်လမ်းဟာ အတော်အတန်ဝေဖန်ခံရမယ့် ဇတ်လမ်းဆိုတာ ဆရာ့ကိုပြောပြခဲ့ပါတယ်။

ကျွန်တော်နဲ့ ဆရာအောင် ရင်ငြိမ်းဟာ အတူတကွ နေထိုင်ကြသူတွေဖြစ်ပါတယ်။ ဝေဖန်ခံရမယ့် ဇာတ်လမ်းလို့သိပေမယ့် မွန်းကြပ်ပိတ်လှေင်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကြီးကို ထက်မြက်တဲ့ စာပေအရေးသားတွေနဲ့ ဖောက်ထွက်မှရမယ်လို့ ယူဆထားသူဖြစ်တဲ့အတွက် ဒီစာအုပ်မျိုးရေးဖို့ ဝမ်းသာအားရ ထောက်ခံခဲ့ပါတယ်။ ဆရာကလည်း ဒီလိုအယူအဆကြောင့် ရေးသားပုံဖော်ခဲ့တာဖြစ်ပါတယ်။

ဆရာက အနုပညာအားအရမ်းကောင်းတယ်ဆိုတာကျွန်တော် ရင်ဘတ်နဲ့လွယ်ပြီး ယုံကြည်သူဖြစ်ပါတယ်။ အပြာခန်းတွေအတွက် ဆရာက ရေးခဲ့တာ လုံးဝမဟုတ်ဘူးဆိုတာ ကျွန်တော်ရဲရဲကြီးပြောချင်ပါတယ်။ ဒါ့ကြောင့်လည်း စာအုပ်အဖုံးမှာ ၁၈ နှစ်အောက်မဖတ်ရနဲ့ ကွန်ဆာဗေးတစ်တွေအတွက်မဟုတ်လို့ ကြေညာထားတာပါ။ ဒီစာအုပ်ထွက်လာတြော စာအုပ်နဲ့ပတ်သက်တဲ့ အသိုင်းဝိုင်းတွေကို ဂယက်ရိုက်ခဲ့ပါတယ်။

ဆရာ့စာအုပ်ကို ထောက်ခံတာကြောင့်ရယ် အတူတူနေပြီး မလုပ်ဖို့မတားခဲ့တာတွေရယ်ကြောင့် ကျွန်တော့်အပေါ်လည်း များစွာဖိအားပေးခြင်းခံခဲ့ရပါတယ်။

ဒီ့အတွက်လုံးဝမမှုပါဘူး။

ထပ်ပြောရရင် ကျွန်တော်ဟာ ဆရာ့ရဲ့ ယုံကြည်ချက်ကို နဲနဲလေးမှ သံသယဝခြင်းလုံးဝမရှိပဲ ယုံကြည်ပါတယ်။

အဲ့ဒီ့အတွက် ကျွန်တော် နောင်တရခြင်းလုံးဝမရှိပဲ ဂုဏ်တောင်ယူမိပါသေးတယ်။

ရွှေကြယ်မိုး
၀၉ ၃၁၄၂၁၆၇၄

No comments:

Post a Comment