အပွင့်ပွင့်တွေ
ဖွေးခနဲကျလာတယ်
ဇွန်ပန်းဖြူတွေရဲ့
ရာသီ လေညှင်းတသုန်သုန်ကြား
ပါးလျအိပ်မက်ထဲက
လင်းလက်ခဲ့တဲ့ ကြယ်စင်
တစ်နွယ်ပြီးတစ်နွယ်
ရစ်ခွေဆင်း အတိုင်းအဆမရှိ
အဲ့တာဟာ
အတိုင်းအဆမရှိ
ခေါင်ခိုက်တဲ့ည
အာရုံတွေခြစ်အော်
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
ပုံရိပ်လေး
လျှောခနဲကျသွား…တစ်ကိုယ်တော်စုန်းစုန်းနစ်မှုတွေ
ကိုယ့်ကိုကိုယ်
ပြန်ကောက်ယူလို့မရတော့
ညကမ္ဘာရဲ့
အုံ့သည်းမှောင်မိုက်ခြင်းတွေ
ဒါ…ဖြေဆည်မရနိုင်တဲ့
ဝေးကွာမှုမျိုး
တစ်ရက်ပြီးတစ်ရက်
တစ်ရွက်ပြီးတစ်ရွက်
လေစိမ်းတွေဝေ
ရေပြင်တွေပြောင်း
မဟောင်းတဲ့နာရီတွေကြားမှာ
မနှောင်းတဲ့
အတိတ်တွေနဲ့
ဘယ်အရပ်ထံမှာ ခိုးနားနေမယ်မသိ
မဆုံးနိုင်တဲ့အတွေးတွေ
ဖွါခနဲမှုတ်ထုတ်လိုက်တယ်
ဆေးလိပ်တိုတွေကျဲပြန့်
ဒီညကြမ်းထဲ ဘယ်လို
အိပ်စက်မှုမျိုးရမလဲ
ကျောင်းတော်က
ပွင့်အံကျလာခဲ့ဖူးတဲ့
ကောင်မလေးမရှိတော့ဘူး
ခိုးခိုးခစ်ခစ်ရယ်သံတွေမရှိတော့ဘူး
စောင့်ဆိုင်းခြင်းတွေမရှိတော့ဘူး
အဲ့ဒီ့ဒဿနိကဆောင်ကွေ့လေးမှာ
တစ်ခါကနရံပြောမှင်ခြစ်ကြောင်းတွေရယ်
သူရယ်လျှို့ဝှက်စွာကျန်ရစ်ခဲ့တယ်
ရွှေ ကြယ် မိုး
No comments:
Post a Comment