အေးစက်ရီခိုးနေတဲ့
မျက်လုံးတွေထဲကပဲ
ငါတို့ရဲ့
အဖြစ်အပျက်တွေကို သေလုမျောပါးတွေ့ရှိ
ကိုယ့်စိတ်ကို
ကိုယ်ပြန်ပြက်ရယ်ပြုမိကြတော့လည်း
ဘယ်နည်းနဲ့မှ
မရှင်သန်နိုင်ကြတော့ဘူးဆိုတဲ့ အကြောင်း
ဇာတ်လမ်းတွေဟာ
ထိကရုန်းဆန်ဆန် ကိုင်းညွတ်သွားကြ
ပုံပြင်လို
အသိတရားများထဲ ငါတို့ ခနခနပြန်လည်တွေးတော
အထိအတွေ့တွေ
ဘာတစ်ခုမှမရှိ…တ၀ဲဝဲနဲ့ မျက်စိလည်
နာကျင်နေကြရတယ်လို့
သိနေရတာက ပိုပြီးဆိုးရွားစေခဲ့
မိသားစုနှစ်စုကိုယ်စီခိုဝင်ခဲ့ကြတဲ့
တံဆိပ်တွေကွဲပြားခြားနား
အ၀ါရောင်စပို့ရှပ်လေး…ငါ့လက်သီးဆုပ်တွေကို
ဖြေလျော့ကျစေ
လွတ်လပ်အတွေးအခေါ်တွေမှာတင်
ရယ်သံတွေက
အရင်လိုမလွတ်လပ်ကြတော့ဘူး
နှုတ်ခမ်းကွေးကွေးနဲ့
အပြုံးပါး…ရုန်းကန်နေရတဲ့စကားလုံးတွေ
ပြာမှိုင်းညှို့တက်
…ငြင်းဆန်စရာလည်းမရှိ…လက်ခံစရာလည်းမရှိ
အတွန့်အကြေလုပ်ပစ်လိုက်တဲ့
သူမရဲ့ ရွှေရောင်ဆံပင်လွင်လွင်လေးတွေထဲ
ငါ့
အမှန်တရားတွေပျောက်ဆုံး…အေးစက်မာကျောတဲ့ မြင့်မြတ်မှုပုံစံတွေနဲ့
တစ်ခုခုကို
စဉ်းစားတွေးတောယုံနဲ့ ငါ့ကို ခွင့်လွှတ်လို့ရ
ငယ်စဉ်တောင်ကျေးမပြည့်စုံမှုများကစလို့
တလျှောက်လုံး
ငါ့ကိုစောစောစီးစီး
တိုက်ပွဲကျစေခဲ့…(၅)နာရီ (၂၀) သင်္ဘောခေါက်ထက်
ပိုမိုနောက်ကျ…တစစကွာလှမ်း…အိမ်အပြန်လမ်းတွေက
တုန်လှုပ်ဖွယ်
နောက်ဆုံးမှာတော့
အာသာရင်းဘိုးက
ဆိုဖီလီယားလို့ ခေါင်းစဉ်တပ်နိုင်တဲ့ ကဗျာမျိုးကို
ငါက
ဇာခြည်မ လို့ နာမည်ပေးလိုက်မိတယ်
ရွှေ
ကြယ် မိုး
No comments:
Post a Comment