လူတွေဟာ
ပြေးမလွတ်တော့ဘူး
ဖြတ်ခနဲဝင်လာတဲ့
တရား…နောက်ကြောင်းတွေမှာ နောက်ကျောဓါးတွေ
ပညာအရေအချင်းဘာသာတရား
အားလုံးဟာ အတ္တရဲ့ အောက်မှာ ပြားဝပ်
ရုန်းကန်ရင်ဆိုင်ရသမျှက
လူ့စည်းဝိုင်းထဲမှာပဲ..ကြောက်စရာတွေကသေသပ်စွာနဲ့
ငယ်ငယ်က
ဖြူစင်မှုတွေကိုချစ်ခဲ့သမျှ ခုတော့ ကြားခံအရောင်ချယ်ဖို့ အသုံးဝင်လာ
တောတွေကို
မရှင်းနိုင်တော့ဘူး…စိတ်ဓါတ်တွေကိုယ်စီမှာ ထိုးနှက်မှုတွေပါဝင်
ညပဲရောက်ရောက်
နေ့ပဲရောက်ရောက် ဘယ်တော့မှ မဟောင်းနိုင်တဲ့အချိန်တွေ
ထိလိုက်တာလား…သိလိုက်တာလား…အတိတ်ဆိုတာမရှိတော့ဘူး…လူသားနာကျင်မှု
အားစိုက်ပြီးတော့
ပြေးလိုက်တာပဲ…ငါတို့တွေ…အချိန်စက်သီး…လွှမ်းမိုးမှုဝါဒများ
ဘယ်နေရာကိုကြည့်ကြည့်
ဝါးမျိုနေကြပြီ…ဘာသာတရားနဲ့ လူ့အဖွဲ့စည်း ကင်းကင်းလာ
အားစိုက်ထားတဲ့လက်တစ်ဖက်ဟာ
နာကျင်ခြင်းပဲ…ယုံကြည်ချက်…ပိတ်ဆို့နှောင်ဖွဲ့မှု
မေတ္တာသည်သာအေးငြိမ်းရာတဲ့…
လူလူချင်း ပဌာန်းတွေ အပြန်အလှန်ရွတ်ကြ
နောက်ဆုံးထွက်ပေါက်ဟာ
ေ၀၀ါး… လမ်းကြောင်းတွေ မီးခိုးလို ဟစ်အူကြ
အခုရှိနေတာက
ပြင်မရတဲ့ သမိုင်း…လူ့ရဲ့အသိညာဏ်တွေ ချောင်ပိတ်…
နာရီထဲငုံ့ကြည့်
… ကိုယ်ချင်းစာတရား…ရေတွင်းပျက်ထဲကက ရေဟာ အားဆေးတစ်ခု
ဗိုက်အရမ်းဆာတဲ့အသိ…ဒုန်းဆိုင်းနှင်နေတဲ့
ကမ္ဘာ…ကပ်ဆိုးတွေက ရေမဆေးပဲ စားလို့ရ
ဒီလောကကို
တည့်တည့်ရင်ဆိုင်ကြည့်လိုက်ရင် သစ္စာကြီးလေးပါးကို ရောင်းဝယ်လို့နေ
ကြော်ငြာထဲက
နတ်သမီးက သိန်းနဲ့ချီရတယ်…လိမ်လည်မှုဟာ ၀မ်းဝစေ…
တိုးတက်လာတာလား…အော်ဟစ်နေတာတောင်
ဘယ်သူမှ လှည့်မကြည့်ကြဘူး…
ငါ့
တစ်သက်တာအတွေ့ကြုံမှာ လူလူချင်းကြောက်လို့ ပရိတ်ရွတ်နေတာသာ ရှိတယ်…
ခေတ်ပေါ်မေတ္တာတစ်ခုဟာ
တစ်ည ခုနှစ်ထောင်ကနေ တစ်သောင်းခွဲအထိဈေးပေါက်တယ်…
မိတ်ကပ်တွေနဲ့
ရယ်သံက အကယ်ဒမီရ… တရားဆိုတာ ချပြလို့မရတော့…ရိုးအီလာ
သွတ်သွင်းထားတဲ့
အစာသွတ်ဘူးထဲက မှိုများ…ဖောက်ချထားတဲ့ရင်ဘတ်ဟောင်းလောင်း…
ဘယ်ဘုရားမှ
မဟောခဲ့တဲ့ တရားမှာ ငါတို့ခေတ်ကြီးပါမယ်…ပိုက်ဆံရှိတဲ့ လူတွေ ရှေ့တက်ခဲ့
ရိုးရိုးလေးတွေးကြည့်လိုက်ရင်
တစ်လက်မတောင် နေစရာမရှိတော့ဘူး … တိုးတက်လှပေါ့ ခေတ်
ကြောက်လိုက်တာ…အိပ်ရင်းအိပ်ရင်း
သေရတာ ပျော်လာတယ်…မနက်ဖြန်…မယုံဘူး…မရှိဘူး
လူတစ်ကိုယ်စာ
အချစ်တစ်ခု…မြင်မြင်ရာနာကျင်မှုတွေမှာ စွဲလန်းမှုတွေ တရိပ်ရိပ်တိုး
ခေတ်ကြီးကိုက
သံချေးတက်တက်သွား…မိုးမျှော်တိုက်တွေကြား ပိပြားနေ…သင်ခန်းစာများ
ရုပ်ရှင်ကားထဲက
မှော်ဆရာကြီး အနိုင်ရသွားတယ်…ငါတို့ လှုပ်လို့မရတော့…
မျက်ကွယ်ရာ
ဖုန်းဆိုးပဲ… မယုံရင်လာခဲ့…အကြောက်တရားတွေ ၀ှက်ထားတယ်
ငါ့ကို
လွှတ်ပေးပါ… လူတွေ…လူတွေ…လူတွေ… လိုက်ရှာမိသမျှက မလှပတဲ့ ရုပ်ကြွင်း
ငါလဲလူလိုသူလို
အချစ်တွေနဲ့…ခေါင်းစဉ်တွေကွဲလာ…တူရာတူရာတွေေ၀၀ါး
အရမ်းချစ်ပါတယ်…
ငါ သိပ်ကြောက်နေပြီ…ချစ်တာနဲ့ သစ္စာ ညှိလို့ရတော့မယ် မထင်နဲ့
လူတွေကြားထဲ
ငါလည်းပြေးမလွတ်တော့မယ်အတူ သစ္စာတရားကို ချရောင်းလိုက်တော့မယ်။ ။
ရွှေ ကြယ် မိုး
No comments:
Post a Comment