ရုတ်ချည်းပြုတ်ကျလာတဲ့
မိုးရာသီ
ဘာမှပြင်ဆင်ချိန်မရခင်
ငါ စိုရွှဲသွား...ဒဏ္ဍာရီလာပုံပြင်တွေလို
မထိတွေ့မိပေမယ့်
မှုတ်ထုတ်လိုက်တဲ့မီးခိုးတွေက လှတယ်
တစ်ခါတုန်းကဆိုတာပဲ
အသေချာဆုံးဖြစ်ခဲ့ကြတယ်
နောက်ဆုံးဟာ
ကျန်ရစ်ခဲ့ပြီမဟုတ်လား
အသစ်တွေအကုန်လုံး
ထားခဲ့ကြရပြီမဟုတ်လား
ဆူးနဲ့
ရေးထွင်းခဲ့ရတာလိုလို…ဆောက်နဲ့ထွင်းခဲ့ရတာလိုလို
တကယ်တော့
ဆိတ်သုဉ်းမှုဟာ တစ်ယောက်တည်းဖြစ်ကြောင်း
ကိုယ့်ကိုယ်ကို
ကိုယ်ပြန်သေချာစေ
ငါတို့လည်း
ဆူးတွေထွင်ရင်း ထမင်းစားခဲ့ရတာပါပဲ
မတူမတန်ပတ်ဝန်းကျင်ဟာ
ကိုယ်စီကိုယ်စီ
တစ်ခါတစ်ရံတွေဟာ
ကျန်ခဲ့ပါပြီလေ
နောက်ဆုံးတော့
သတိတွေကပ်ခဲ့ရတာပဲ ခြောက်ခြားစရာကောင်းတယ်
အဆုံးပြီးသွားရင်
အစပြန်လာဦးမယ်ဆိုတာ မမှောင်ခင်တည်းက
သိထားဖို့ကောင်းတယ်…ညတိုင်း
သိစိတ်မဲ့နေတဲ့ စိတ်အလျင်ထဲ
ကိုယ့်ရဲ့
မိဖြူကဗျာ ကိုယ်ပြန်ကြိုက်နေမိ
ရွာစာသင်ကျောင်းများ၊
ဇာခြည်ရဲ့အိပ်ခန်းနံရံမှာရေးထားရမယ့်အရာတွေ
မြို့ပြများရဲ့
ရိုက်ပုတ်မှုအောက်သို့ တရွေ့ရွေ့
နေမ၀င်မှီကျောခိုင်းကြခြင်း
ရပ်ကြည့်နေကြရင်း
မှုန်ဝါးဝါးသာမြင်နိုင်တော့တဲ့ အကွာအဝေးသို့ရောက်ရှိ
အိမ်ပြန်ချိန်တွေက
တစ်လှမ်းဆီ…ညနေဟာ လက်မတင်မှီလေး နောက်ကျခဲ့
မကြာခင်
တို့တွေရဲ့ ရွာတန်းရှည်တစ်လျှောက် စစ်ကြောင်းကျလာတော့မယ်
ရွှေ
ကြယ် မိုး
No comments:
Post a Comment