အချိန်တန်တော့
ဆည်းဆာဟာ အုံ့မှိုင်းညိုဆင်းလာခဲ့တယ်
ကျွန်တော့်ခေါင်းပေါ် သူတင်ပေးတဲ့ အတွေးစလေး
သူ့ခေါင်းပေါ် ကျွန်တော်တင်ပေးတဲ့ အတွေးစလေး
ဆံနွယ်တွေရယ်..မှုန်မှုန်ဝါးဝါး အလင်းတွေရယ်ကြားမှာ
လွန့်လွန့်လူးလူး….တွေရီငေးမောကြတယ်…
နှစ်ယောက်သားကြားမှာလည်း ပုဇွန်ဆီရောင်တွေ
ကျဲပြန့်နေပုံများ…ပတ္တမြားလိုက်ကာတွေ ကာရံထားသလိုပ
သံခြေကျင်းတွေ အထပ်ထပ်နဲ့ တုပ်နှောင်ခဲ့ကြတဲ့ ကမ်းပါးလေးလည်း
မကြာခင်မှာ အပြာရောင် ပီကေခွံလေးတွေနဲ့ ကျန်ခဲ့တော့မယ်
ညီမလေးရယ်……
အဝေးရောက်သားငှက်တို့ မှုန်ရီဝိုးပျ စေတီလေးကို ဦးခိုက်
လောကရဲ့တွန်ကျူးသံတွေ အိပ်တန်းပြန်ချိန်ပေါ့…
ကဲ…ညီမလေးရေ
ရှေ့ကတောင်စွယ်မှာ နေကွယ်ပေးဖို့ ခွဲကြဦးစို့ကွယ်…
ရွှေကြယ်မိုး
၂၀၁၂.ဇန်န၀ါရီလ.၁၈ရက်
ည ၈:၁၅
No comments:
Post a Comment