မီးပြင်းပြင်းကျအောင်ကို ပူပြင်းရဲ့
ကမ္ဘာအဆက်ဆက် ကွာခြားသွားအောင် ပူပြင်းရဲ့
နှလုံးသားတွေ ကွဲရှသွားလောက်အောင် ပူပြင်းရဲ့
ရိုးပြတ်တွေမှာ တံလျှပ်တွေထ
ဒီလိုနဲ့…သူ့ခေါင်းထက်က ပန်းတွေလည်းကြွေ
နှစ်ယောက်သားလမ်းမှာ အလွမ်းတွေနဲ့ဝေ…
နွေ…
နွေ…
နွေ…
ဥသြတွေတွန်တဲ့…နွေ
ငါတို့နှစ်ယောက် မဆုံဖြစ်ကြတော့တဲ့…နွေ
ရွှေကြယ်မိုး
(2/25/2012-1:33 PM)
No comments:
Post a Comment